Read the Beforeitsnews.com story here. Advertise at Before It's News here.
Profile image
By Center for a Stateless Society
Contributor profile | More stories
Story Views
Now:
Last hour:
Last 24 hours:
Total:

သုံးသပ်ချက် – အာဖရိက မင်းမဲ့ဝါဒ – လှုပ်ရှားမှုတစ်ခု၏ သမိုင်းကြောင်း

% of readers think this story is Fact. Add your two cents.


By Jordan Jardine. Original article: Review: African Anarchism – The History of a Movement, published on June 3, 2023. Translated into Burmese by Hein Htet Kyaw.

မင်းမဲ့ဝါဒီတစ်ယောက်အနေနဲ့ အမေရိကတင်မကဘေး၊ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ မင်းမဲ့ဝါဒ လှုပ်ရှားမှုတွေကို သုတေသနလုပ်ဖို့ စိတ်အားထက်သန်မိတာ သဘာဝပါပဲ။ ဥပမာ – စာရေးသူဟာ လာအိုဇူး (Lao Tzu) ကို တော်တော်လေး သဘောကျမိပြီး၊ Tao Te Ching စာအုပ်ရေးသားသူဟာ ပီတာ ကရိုပေါ့ကင် (Peter Kropotkin) နဲ့ ရူးဒေါ့ဖ် ရော့ကာ (Rudolf Rocker) လိုမျိုး ထင်ရှားတဲ့ မင်းမဲ့ဝါဒီတွေပေါ် အများကြီး လွှမ်းမိုးမှုရှိခဲ့တာပါ။ ဒါကြောင့် တရုတ်နဲ့ အာရှအခြားဒေသတွေက မင်းမဲ့ဝါဒ လှုပ်ရှားမှုအကြောင်း တချို့ကို လေ့လာခဲ့ဖူးပါတယ်။ ဒါပေမဲ့ အာဖရိက ယဉ်ကျေးမှုကိုလည်း သဘောကျတဲ့သူတစ်ယောက်အနေနဲ့ အာဖရိကက မင်းမဲ့ဝါဒ လှုပ်ရှားမှုတွေကိုပါ လေ့လာချင်စိတ် မကြာသေးမီက ပေါ်လာခဲ့ပါတယ်။ ကံကောင်းစွာနဲ့ဘဲ ဒီသမိုင်းကြောင်း (တစ်ခါတစ်ရံ သမိုင်းကင်းမဲ့နေတာတွေကိုပါ) မှတ်တမ်းတင်ထားတဲ့ မရှိမဖြစ် စာအုပ်တစ်အုပ် ရှိနေပါတယ်၊ အဲဒါကတော့ ၁၉၉၇ ခုနှစ်မှာ နိုက်ဂျီးရီးယား မင်းမဲ့ဝါဒီ တက်ကြွလှုပ်ရှားသူ ဆမ်အမ်ဘား (Sam Mbah) နဲ့ ပူးတွဲစာရေးသူ အိုင်အီး အီဂါရီဝေ (I.E. Igariwey) တို့ရေးသားခဲ့တဲ့ African Anarchism: The History of a Movement ဆိုတဲ့ စာအုပ်ပါပဲ။

အကျဉ်းချုပ် – အခန်း (၁)

အာဖရိက ယဉ်ကျေးမှုနဲ့ ရိုးရာအစဉ်အလာရဲ့ အစိတ်အပိုင်းတော်တော်များများဟာ မင်းမဲ့ဝါဒ စံတန်ဖိုးတွေနဲ့ ကိုက်ညီနေပေမဲ့ အာဖရိကမှာ မင်းမဲ့ဝါဒဆီ ဦးတည်တဲ့ အောင်မြင်တဲ့ လှုပ်ရှားမှုကြီးကြီးမားမား မရှိခဲ့ရတာဟာ ပြည်သူတွေအနေနဲ့ မင်းမဲ့ဝါဒဆိုတဲ့ အတွေးအခေါ်မျိုး ရှိမှန်းတောင် မသိကြလို့ဖြစ်တယ်ဆိုတာကို ရေးသားရင်း စာအုပ်ကို စတင်ထားပါတယ်။ ပင်မရေစီးကြောင်း ယဉ်ကျေးမှုမှာ ပုံဖော်လေ့ရှိသလို မင်းမဲ့ဝါဒဆိုတာ “ရှုပ်ထွေးပရမ်းပတာဖြစ်မှု” နဲ့ “စနစ်မရှိမှု” မျိုး မဟုတ်ပါဘူးဆိုတာကို အမ်ဘားနဲ့ အီဂါရီဝေတို့က ဆက်လက် ရှင်းပြထားပါတယ်။ မင်းမဲ့ဝါဒဆိုတာ အင်အားသုံးတာကို ငြင်းပယ်တာဖြစ်ပြီး၊ လူတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ ဆန္ဒကို အခြားသူတစ်ယောက်ပေါ် အတင်းအကျပ် ဖိအားပေးတာကို တော်လှန်တာဖြစ်ပါတယ်။ စာရေးသူတွေက ပီတာ ကရိုပေါ့ကင်၊ မီးခေးလ် ဘားကူးနင်း (Mihail Bakunin) နဲ့ ပီယဲ ဂျိုးဇက် ပရူးဒွန် (Pierre-Joseph Proudhon) လိုမျိုး ထင်ရှားတဲ့ မင်းမဲ့ဝါဒီ အတွေးအခေါ်ပညာရှင် နမူနာအချို့ကို ပေးထားပြီး၊ မင်းမဲ့ဝါဒအတွင်းက အနာခို-ဆင်ဒီကယ်လစ်ဇင် (anarcho-syndicalism) နဲ့ မူတူဝယ်လစ်ဇင်/အညမည (mutualism) လို အတွေးအခေါ် ဂိုဏ်းဂဏတွေကိုလည်း ဆွေးနွေးထားပါတယ်။

အခန်း (၂)

ဒီအခန်းမှာတော့ ၁၉ ရာစုအလယ်ပိုင်းက စတင်ခဲ့တဲ့ ခေတ်သစ် မင်းမဲ့ဝါဒ လှုပ်ရှားမှုရဲ့ အထွေထွေသမိုင်းကြောင်းကို သင့်တော်သလို အကျဉ်းချုပ် ဖော်ပြပေးထားပါတယ်။

အခန်း (၃)

African Anarchism စာအုပ်ထဲမှာ အရှည်ဆုံးဖြစ်တဲ့ ဒီအခန်းမှာတော့ အမ်ဘားနဲ့ အီဂါရီဝေတို့က အာဖရိကလူမျိုးတွေ ကိုယ်တိုင် သတိမထားမိဘဲ အာဖရိက လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတွေမှာ မင်းမဲ့ဝါဒ စံတန်ဖိုးတွေနဲ့ ကိုက်ညီတဲ့ အချက်တွေ အမြဲတမ်း ပါဝင်နေခဲ့ကြောင်း တင်ပြထားပါတယ်။ အာဖရိက သမိုင်းတစ်လျှောက်က အသိုင်းအဝိုင်း အတော်များများဟာ အမှီအခိုကင်းပြီး ကိုယ်ပိုင်အုပ်ချုပ်တဲ့ “ဘုံဝါဒ” (communalist) အဖွဲ့အစည်းတွေအဖြစ် လည်ပတ်ခဲ့ကြတာကြောင့် အသိုင်းအဝိုင်းထဲက လူတိုင်းဟာ မိမိတို့ကိစ္စတွေနဲ့ အသိုင်းအဝိုင်းတစ်ခုလုံးရဲ့ ကိစ္စတွေမှာ ပါဝင်ပြောဆိုခွင့် ရှိခဲ့ကြပါတယ်။ အာဖရိက မျိုးနွယ်စု တော်တော်များများမှာ ဘာသာရေးက အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပေမဲ့ ဗဟိုချုပ်ကိုင်မှု မရှိခဲ့ပါဘူး။ ဒါကြောင့် ဘာသာရေး သို့မဟုတ် နိုင်ငံရေး အရာရှိတွေရဲ့ အုပ်ချုပ်မှုကို ခံရတာမျိုး မဟုတ်ဘဲ အသိုင်းအဝိုင်းတစ်ခုလုံး တန်းတူညီမျှ စုစည်းနိုင်ခဲ့ကြတာပါ။ အသိုင်းအဝိုင်းထဲက လူကြီးတိုင်း (အထူးသဖြင့် အမျိုးသားတွေ) ဟာ အခြေခံ လူမှုရေး လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ဖို့နဲ့ သူတို့ရဲ့ အငြင်းပွားမှုတွေကို ကိုယ်တိုင် ဖြေရှင်းဖို့ တာဝန်ရှိခဲ့ကြပါတယ်။

ဒီလို လူ့အဖွဲ့အစည်းတွေဟာ အာဖရိကမှာ ရာစုနှစ်ပေါင်းများစွာ တည်ရှိခဲ့ပေမဲ့ ၁၅ ရာစု အစပိုင်းမှာတော့ လူတန်းစားခွဲခြားမှုနဲ့ လုပ်အားခွဲဝေမှုတွေက တိုက်ကြီးအတွင်းကို ဖြည်းဖြည်းချင်း ဝင်ရောက်လာခဲ့ပါတယ်။ ကျေးရွာစတိုင် ဘုံစနစ်ရဲ့ အစိတ်အပိုင်းအချို့ ကျန်ရှိနေသေးသော်လည်း နောက်ပိုင်းမှာ အာဖရိကဟာ ပဒေသာရာဇ်စနစ်နဲ့ ပရိုတို-ကက်ပီတယ်လစ်ဇင် (proto-capitalism) စနစ်တွေ လွှမ်းမိုးသွားခဲ့ပါတယ်။ စိတ်ဝင်စားစရာ အချက်တစ်ခုအနေနဲ့ အာဖရိကက ရှေးဟောင်း ဘုံဝါဒ ကျေးရွာ လူ့အဖွဲ့အစည်းတွေဟာလည်း ပြီးပြည့်စုံမှုနဲ့ အဝေးကြီး လိုနေသေးကြောင်း အမ်ဘားနဲ့ အီဂါရီဝေတို့က ဖြည့်စွက်ပြောထားပါတယ်။ အနာဂတ် လူ့အဖွဲ့အစည်း စာဖွဲ့ပုံတွေထက် ပိုမိုတန်းတူညီမျှမှု ရှိခဲ့တာ မှန်ပေမဲ့ ရွာတွေနဲ့ မျိုးနွယ်စုတွေမှာ အမျိုးသမီးတွေကို တန်းတူညီမျှ မဆက်ဆံခဲ့ကြသလို ကျေးပုလွေစနစ်ကိုလည်း အတိုင်းအတာတစ်ခုအထိ ကျင့်သုံးခဲ့ကြပါတယ်။

ဒါပေမဲ့လည်း စာရေးသူတွေက လွန်ခဲ့တဲ့ ရာစုနှစ်များစွာက အာဖရိကမှာ တည်ရှိခဲ့တဲ့ “နိုင်ငံမဲ့ လူ့အဖွဲ့အစည်း” အတော်များများကို ဆက်လက် စာရင်းပြုစုပြထားပါတယ်။ အတိတ်က အဆင့်အတန်း ခွဲခြားမှုမရှိဘဲ အလျားလိုက် ဖွဲ့စည်းခဲ့ကြတဲ့ တိုင်းရင်းသား အုပ်စုသုံးခု ဖြစ်တဲ့ နိုက်ဂျီးရီးယားက အစ်ဂဘို (Igbo)၊ နိုက်ဂျာ မြစ်ဝကျွန်းပေါ် ဒေသခံများနဲ့ ဂါနာက တာလန်စီ (Tallensi) လူမျိုးတို့အကြောင်း အသေးစိတ် ဖော်ပြထားပါတယ်။ စာရေးသူတွေက အစ်ဂဘိုတို့ရဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး ကတိကဝတ်ကို ပြသဖို့ “အစ်ဂဘိုမှာ ဘုရင်မရှိဘူး” ဆိုတဲ့ ရှေးဟောင်း ဆောင်ပုဒ်တစ်ခုကို ကိုးကားထားပါတယ်။ အစ်ဂဘို လူ့အဖွဲ့အစည်းတွေကို အထွေထွေ ညီလာခံ၊ ကျေးရွာလူကြီးများ ကောင်စီနဲ့ အမျိုးသမီးသီးသန့် ကောင်စီ ဖြစ်တဲ့ Umu-ada တို့က စီမံခန့်ခွဲခဲ့ကြတာပါ။ အမ်ဘားနဲ့ အီဂါရီဝေတို့ရဲ့ အဆိုအရ အထွေထွေ ညီလာခံစနစ်ဟာ ဒီနေ့အထိ အစ်ဂဘို လူ့အဖွဲ့အစည်းတွေမှာ တည်ရှိနေတုန်းပဲ ဖြစ်ပါတယ်။ အစ်ဂဘိုတွေဟာ ဘုံစိုက်ပျိုးရေးကို ကျင့်သုံးခဲ့ကြပြီး သစ်တော ပေါများတာကြောင့် လူတိုင်းအတွက် လုံလောက်တဲ့ အစားအစာကို ပုံမှန် စိုက်ပျိုးနိုင်ခဲ့ကြပါတယ်။

ဆက်လက်ပြီး စာရေးသူတွေက အဓိကအားဖြင့် ကုန်သည်တွေနဲ့ တောင်သူလယ်သမားတွေဖြစ်ကြတဲ့ နိုက်ဂျာ မြစ်ဝကျွန်းပေါ် ဒေသခံတွေအကြောင်း အတိုချုပ် ဆွေးနွေးထားပါတယ်။ နိုက်ဂျာ မြစ်ဝကျွန်းပေါ် ဒေသခံ အချို့ဟာ အစ်ဂဘိုတွေထက် ပိုပြီး လျှို့ဝှက်တဲ့ နည်းလမ်းနဲ့ ဖွဲ့စည်းခဲ့ကြပါတယ်။ အစ်ဂဘိုတွေမှာလည်း လျှို့ဝှက်အသင်းအပင်းတွေ ရှိခဲ့ပေမဲ့ နိုက်ဂျာ မြစ်ဝကျွန်းပေါ် ဒေသခံ အချို့ကတော့ ၁၇ ရာစုနဲ့ ၁၈ ရာစု ကျေးပုလွေ ကုန်ကူးမှု ရှုပ်ထွေးမှုတွေကို ရှောင်ရှားဖို့ ပိုပြီး သတိထားခဲ့ကြရပါတယ်။ အခြားတစ်ဖက်မှာတော့ အချို့အုပ်စုတွေက ကျေးပုလွေ ကုန်ကူးမှုမှာ တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ကျေးပုလွေ ကုန်ကူးမှုဟာ နိုက်ဂျာ မြစ်ဝကျွန်းပေါ် ဒေသခံတွေနဲ့ သူတို့ရဲ့ “အိမ်” စနစ် (တောင်သူ သို့မဟုတ် ကျေးပုလွေ ကုန်သည်၊ သူ၏ ကျေးပုလွေများ၊ ထိုသူတို့၏ မျိုးဆက်များဖြင့် မြို့ပြနိုင်ငံများအဖြစ် ဖွဲ့စည်းထားသော စနစ်) ကို ပျက်စီးစေခဲ့ပြီး ကက်ပီတယ်လစ် ကော်ပိုရေးရှင်းတွေ စတင်ပေါ်ပေါက်လာကာ ဘုံဝါဒစနစ်ကို အဆုံးသတ်သွားစေခဲ့ပါတယ်။

ဒါ့အပြင် ဂါနာမြောက်ပိုင်းက ဒီနေ့အထိ စနစ်ကျန်ရှိနေသေးတဲ့ တာလန်စီ လူမျိုးတွေအကြောင်း ဆွေးနွေးထားပါတယ်။ သူတို့ကတော့ လယ်သမားအများစု ပါဝင်တဲ့ မျိုးနွယ်စုအခြေပြု လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။ တာလန်စီ လူ့အဖွဲ့အစည်းမှာ ကော်ပိုရေးရှင်းတွေ နည်းပညာအရ တည်ရှိနေပေမဲ့ ချမ်းသာတဲ့ မျိုးနွယ်စုတွေဟာ ဆင်းရဲတဲ့သူတွေပေါ် သြဇာအာဏာ မရှိသလို သီးသန့် နိုင်ငံရေး အခွင့်အရေးတွေလည်း မရှိဘူးလို့ စာရေးသူတွေက ဆိုပါတယ်။ တာလန်စီတွေဟာ နိုင်ငံတော် သို့မဟုတ် ဗဟိုအဖွဲ့အစည်းတစ်ခုခု၏ ဝင်ရောက်စွက်ဖက်မှုမရှိဘဲ လူမှုရေးနှင့် နိုင်ငံရေး တန်းတူညီမျှမှုကို အခြေခံတဲ့ လူ့အဖွဲ့အစည်းကို ထိန်းသိမ်းရာမှာ အတော်လေး အောင်မြင်ခဲ့ကြပါတယ်။

ထို့ပြင် အမ်ဘားနဲ့ အီဂါရီဝေတို့ဟာ အာဖရိက၏ ရိုးရာ နိုင်ငံမဲ့ လူ့အဖွဲ့အစည်းများပေါ် ကိုလိုနီစနစ်၏ ရိုက်ခတ်မှုများနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ပြင်ပဖိအားများကြောင့် ကက်ပီတယ်လစ် စီးပွားရေးနှင့် လူမှုရေး အဆင့်အတန်း ခွဲခြားမှုများကို အတင်းအကျပ် လက်ခံခဲ့ရပုံကို ပြောပြထားပါတယ်။ ကိုလိုနီ ကက်ပီတယ်လစ်စနစ်ကနေ အာဖရိကသား နည်းနည်းလေးပဲ အကျိုးအမြတ် ရခဲ့တာကိုလည်း ရေးသားထားပါတယ်။ အာဖရိကသားတွေက စိုက်ပျိုးခဲ့ပေမဲ့ ရိတ်သိမ်းမှု အများစုကိုတော့ ကိုလိုနီ အင်အားကြီးနိုင်ငံတွေကပဲ ယူဆောင်သွားခဲ့တာပါ။ ဒီနေ့အထိ အာဖရိက စီးပွားရေးတွေဟာ ပြင်ပရင်းနှီးမြှုပ်နှံမှုတွေပေါ် မှီခိုနေရတာကြောင့် ပိုလျှံတန်ဖိုး အနည်းငယ်ပဲ ထုတ်လုပ်နိုင်ပြီး ထွက်သမျှ အနည်းငယ်ကိုလည်း အနောက်နိုင်ငံ အစိုးရတွေနဲ့ ကော်ပိုရေးရှင်းတွေကပဲ စုပ်ယူခေါင်းပုံဖြတ်နေကြဆဲ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ စာရေးသူတွေဟာ ပက်ထရစ် လူမွန်ဘာ (Patrice Lumumba)၊ မူအာမာ ကဒါဖီ (Muammar Gaddafi)၊ ဂါမား အက်ဘဒယ် နာဆာ (Gamal Abdel Nasser) နဲ့ ကွာမေ နာကရူးမား (Kwame Nkrumah) လိုမျိုး ခေါင်းဆောင်အသီးသီး အာဏာရလာခဲ့တဲ့ “ဆိုရှယ်လစ်” လှုပ်ရှားမှုအမည်ခံတွေအကြောင်း ဆွေးနွေးထားပါတယ်။ ဒီခေါင်းဆောင်တွေဟာ တစ်ခါတစ်ရံ “အာဖရိက ဆိုရှယ်လစ်ဇင်” လို့ ခေါ်ဆိုလေ့ရှိတဲ့ ဆိုဗီယက်စတိုင် နိုင်ငံတော်အခြေပြု ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးခဲ့ကြပြီး၊ ဒီခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ အတွေးအခေါ်ဟာ နှစ်ပေါင်းများစွာ ဝေဖန်ခံခဲ့ရကြောင်း အမ်ဘားနဲ့ အီဂါရီဝေတို့က ဝန်ခံထားပါတယ်။ ဒီလူတွေဟာ ဆိုရှယ်လစ်ဇင်နဲ့ နီးစပ်တာဘာမှ မလုပ်နိုင်ခဲ့ဘဲ အာဏာနဲ့ သွေးဆာမှုကိုပဲ စိတ်ဝင်စားတဲ့ အာဏာရှင် သရဲကောင်းတွေသာ ဖြစ်ခဲ့တယ်လို့ တိတိကျကျ စာရေးသူတွေက စေတနာပါပါ စာဖွဲ့ထားပါတယ်။ နိုက်ဂျီးရီးယား လွတ်လပ်ရေးရပြီးနောက် ၁၉၆၀ ပြည့်လွန်နှစ်များက အစိုးရသစ်၏ လက်ဝဲယိုင်သော အုပ်စုများက အစ္စရေးကဲ့သို့ ကိဘွတ်ဇ် (kibbutz) စတိုင် အသိုင်းအဝိုင်းများ ထူထောင်ရန် ကူညီပေးခဲ့သည့် လှုပ်ရှားမှုအပါအဝင် အာဖရိကရှိ မင်းမဲ့ဝါဒ၏ လတ်တလော စီမံကိန်းများနှင့် လက်တွေ့နမူနာများကို ဖော်ပြရင်း ဒီအခန်းကို နိဂုံးချုပ်ထားပါတယ်။ ဒီစီမံကိန်းဟာလည်း ၁၉၆၇ နိုက်ဂျီးရီးယား ပြည်တွင်းစစ်ကြောင့် ပျက်စီးခဲ့ရတာပါ။

မူအာမာ ကဒါဖီ၏ တတိယကမ္ဘာ့သီအိုရီ (Third Universal Theory)၊ ဂျူလိယက် နီရဲရဲ (Julius Nyerere) ၏ Ujamaa မူဝါဒနှင့် ဖရန့်ဇ် ဖာနွန် (Frantz Fanon) ၏ ကိုလိုနီစနစ် ဆန့်ကျင်ရေး ရပ်တည်ချက်တို့သည်လည်း အာဖရိက နိုင်ငံမဲ့ ဝါဒ၏ အခြားနမူနာများ ဖြစ်ကြပါတယ်။

စာရေးသူများ ပေးထားသည့် မင်းမဲ့ဝါဒီ အဖွဲ့အစည်းများ၏ လက်တွေ့နမူနာများတွင် တောင်အာဖရိကအခြေစိုက် Anarchist Revolutionary Movement နှင့် Angry Brigade၊ အဖြစ် နိုက်ဂျီးရီးယားအဖွဲ့ဖြစ်သော The Awareness League တို့ ပါဝင်ပါတယ်။ အီဂျစ်၊ ဂါနာနှင့် ဇင်ဘာဘွေတို့တွင်လည်း လှုပ်ရှားမှုများ စတင်ဖြစ်ပေါ်နေပြီဖြစ်ပါတယ်။ အာဖရိကရှိ မင်းမဲ့ဝါဒီ အလုပ်သမားအဖွဲ့အစည်း၏ အစောဆုံးနမူနာတစ်ခုမှာ ၁၉၁၅ မှ ၁၉၂၂ အထိ တည်ရှိခဲ့သော တောင်အာဖရိကအဖွဲ့ Industrial Workers of Africa ဖြစ်သည်ဟုလည်း ဆိုပါတယ်။

အခန်း (၄)

ဒီအခန်းမှာတော့ အာဖရိကမှာ ဆိုရှယ်လစ်ဇင် ဖွံ့ဖြိုးတိုးတက်လာပုံကို အသေးစိတ် ဖော်ပြထားပါတယ်။ ၁၉ ရာစုအစောပိုင်းမှာ စောစောပိုင်း ကိုလိုနီ ကက်ပီတယ်လစ်တွေဟာ “နယ်ချဲ့တွေအတွက် အုပ်ချုပ်ရေးမှူးတွေအဖြစ် ဆောင်ရွက်ဖို့” နယ်ခံခေါင်းဆောင်တွေကို စည်းရုံးသိမ်းသွင်းခဲ့ကြပါတယ်။ သတ္တုတူးဖော်ရေးနဲ့ ထုတ်လုပ်ရေး လုပ်ငန်းတွေကို မကြာမီ မိတ်ဆက်ခဲ့တာကြောင့် မြို့ပြ အလုပ်သမားလူတန်းစားသစ် ပေါ်ပေါက်လာခဲ့ပါတယ်။ သို့သော်လည်း ကျေးလက် စိုက်ပျိုးရေး အသိုင်းအဝိုင်းများတွင် လယ်သမားများစွာ တည်ရှိနေဆသေးပါတယ်။ ဝမ်းနည်းစရာကောင်းတာက အာဖရိက မြို့ပြနေလူအများစုဟာ အလုပ်မရကြဘဲ အသက်ဆက်ဖို့ တောင်းရမ်းသူ သို့မဟုတ် ပြည့်တန်ဆာ လုပ်ခဲ့ကြရပါတယ်။

၂၀ ရာစုရောက်တော့ အာဖရိကမှာ ပေါ်ပေါက်လာတဲ့ လူတန်းစား အဆောက်အအုံဟာ ဆိုးရွားလာခဲ့ပြီး လူတန်းစား ပဋိပက္ခတွေက အလုပ်သမားတွေရဲ့ ဘဝကို လွှမ်းမိုးလာခဲ့ပါတယ်။ ရလဒ်အနေနဲ့ သူတို့ဟာ ကိုယ်တိုင် ခေါင်းပုံဖြတ်ခံရမှုကိုရော သူတို့ရဲ့ လုပ်အားအသီးအပွင့်တွေကို ကိုယ်စီ မခံစားရဘဲ နယ်ချဲ့အုပ်ချုပ်သူတွေဆီ ရောက်သွားတာကိုပါ မျက်ကွယ်ပြုခဲ့ကြပါတယ်။ ဒီ “ကိုလိုနီ အခြေအနေ” ရဲ့ ရလဒ်တစ်ခုကတော့ နိုက်ဂျီးရီးယား၊ တောင်အာဖရိက၊ အယ်လ်ဂျီးရီးယား၊ ကင်ညာနဲ့ ဂါနာတို့လို နိုင်ငံတွေမှာ အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုတွေ ကြီးထွားလာတာပဲ ဖြစ်ပါတယ်။ ထို့နောက် စာရေးသူများက နိုက်ဂျီးရီးယား အလုပ်သမားသမဂ္ဂ လှုပ်ရှားမှု သမိုင်း၏ အဓိက အခိုက်အတန့်များကို ၁၈၉၇ ခုနှစ်ဝန်းကျင် စတင်ချိန်မှသည် ကမ္ဘာ့စီးပွားပျက်ကပ်နှင့် ၁၉၈၀ ပြည့်လွန်နှစ်များကဲ့သို့သော ခေတ်သစ်ကာလများအထိ ထူးခြားချက်များကို မီးမောင်းထိုးပြထားပါတယ်။ ဝမ်းနည်းစရာကောင်းတာက နိုက်ဂျီးရီးယား အလုပ်သမားသမဂ္ဂဟာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အကျိုးရှိတာအချို့ လုပ်ဆောင်ခဲ့သော်လည်း ခေါင်းဆောင်ပိုင်းဟာ လူထုထက် လူအထက်တန်းစားတွေနဲ့ ပူးပေါင်းပြီး အကျိုးစီးပွား ပဋိပက္ခတွေ အမြဲရှိခဲ့တာပါ။

တောင်အာဖရိကမှာတော့ အချို့အလုပ်သမားသမဂ္ဂတွေဟာ နိုက်ဂျီးရီးယားထက် ပိုမို ကြံ့ခိုင်ပြီး အောင်မြင်ခဲ့ပါတယ်။ ဥပမာ – တောင်အာဖရိက သတ္တုတွင်းအလုပ်သမား သမဂ္ဂဟာ ၁၉၂၁ မှာ အလုပ်သမားကောင်စီတစ်ခုကို ဖွဲ့စည်းခဲ့ပြီး Red Workers Republic လို့ခေါ်တဲ့ စနစ်ကို ထူထောင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အလုပ်သမားအများစုဟာ သတ္တုတွင်း၊ စွမ်းအင်နဲ့ အင်ဂျင်နီယာ ကဏ္ဍတွေက ဖြစ်ကြပါတယ်။

ဝမ်းနည်းစရာကောင်းတာက တောင်အာဖရိက အလုပ်သမားလှုပ်ရှားမှုဟာ ၂၀ ရာစု ကြာမြင့်လာတာနဲ့အမျှ လူမျိုးရေး ပဋိပက္ခတွေနဲ့ အပါသာဟိုက် (Apartheid) စနစ်ကြောင့် အဟန့်အတား ဖြစ်ခဲ့ရပါတယ်။ လူမည်း အလုပ်သမား တက်ကြွလှုပ်ရှားသူတွေဟာ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေအထိ အခွင့်အရေးတွေအတွက် ဆက်လက် တိုက်ပွဲဝင်ခဲ့ကြပြီး အကျိုးအမြတ်အချို့ ရရှိခဲ့ပေမဲ့ စာရေးသူတွေရဲ့ ဝေဖန်ခြင်းခံရတဲ့ အာဖရိက အမျိုးသားကွန်ဂရက် (ANC) ထံမှ အကူအညီ နည်းပါးစွာပဲ ရရှိခဲ့ပါတယ်။ စာရေးသူများက တောင်အာဖရိက ကွန်မြူနစ်ပါတီကိုလည်း တော်လှန်သော နိုင်ငံရေးဆိုင်ရာ ကတိကဝတ်များကို စွန့်လွှတ်လိုက်ပြီး ကက်ပီတယ်လစ် စနစ်ကို သဘောတူလိုက်ကြသည့်အတွက် ဝေဖန်ထားပါတယ်။

ဆက်လက်ပြီး ၁၉ ရာစုနှောင်းပိုင်းမှ ၁၉၅၈ ခုနှစ် ပြင်သစ်ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီး အစိုးရသစ်က သဘောထားကွဲလွဲမှုအားလုံးကို ချေမှုန်းလိုက်သည့် ဂီနီနိုင်ငံ၏ “တော်လှန်သော” အလုပ်သမားလှုပ်ရှားမှုကို စာရေးသူများက အတိုချုပ် ဝေဖန်ထားပါတယ်။

အခန်း (၅)

ဒီအခန်းမှာတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးပါမှုကို ဆွေးနွေးထားပါတယ်။ အမ်ဘားနဲ့ အီဂါရီဝေတို့ရဲ့ အဆိုအရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်ဟာ အာဖရိကမှာ ဆိုရှယ်လစ်ဇင် အမှန်တကယ် မအောင်မြင်ရခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ အစိုးရအဖွဲ့တွေက ဒါကို ကိုယ်ကျိုးအတွက် အသုံးချခဲ့ကြပြီး “အာဖရိက ဆိုရှယ်လစ်ဇင်” ဆိုတဲ့ စကားလုံးတွေကို သုံးပြီး အာဏာရှင်စနစ်နဲ့ အကျင့်ပျက်ခြစားမှုကို ဖုံးကွယ်ခဲ့ကြပါတယ်။ ဆေကူ တူရေး (ဂီနီ)၊ ဆာမူအယ် နာကရူးမား (ဂါနာ)၊ ဂျူလိယက် နီရဲရဲ (တန်ဇန်းနီးယား)၊ သောမတ်စ် ဆန်ကာရာ (ဘာကီးနားဖာဆို)၊ မန်ဂစ်စတူး ဟာအီလီ မာရီယမ် (အီသီယိုးပီးယား) တို့ဟာ ဒီလို ကြွေးကြော်သံတွေကို သုံးပြီး အာဏာရှင်စနစ်ကို သုတေသနပြု ကျင့်သုံးခဲ့ကြသူများ ဖြစ်ကြပါတယ်။

အာဖရိက၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပြဿနာများ၏ မြစ်ဖျားခံရာသည် ကိုလိုနီအတိတ်မှ ပြန်လည်ရုန်းထွက်ရန် ကြိုးပမ်းရာတွင် ရှိကြောင်း စာရေးသူများက ဆိုကြပါတယ်။ ပညာရှင် ဖရန့်ဇ် ဖာနွန် တွက်ဆခဲ့သလိုပင် ဆင်းရဲသားဒေသများမှ အာဖရိကသားများ၏ အခြေအနေ တိုးတက်လာပြီး ချမ်းသာသူနှင့် ဆင်းရဲသူ ကွာဟချက် ကျယ်ပြန့်လာသောအခါ မိမိတို့ လူမျိုးကို ပြန်လည် တိုက်ခိုက်လာကြမည်ဟု သုံးသပ်ထားပါတယ်။

စာရေးသူများ၏ အဆိုအရ အာဖရိကရှိ စစ်အာဏာရှင်စနစ်များသည် ပြည်သူ့အာဏာသိမ်းမှုများထက် ပိုမို မတည်ငြိမ်ကြ။ ဂါနာနှင့် နိုက်ဂျီးရီးယားတို့ကို မတည်ငြိမ်မှု နမူနာအဖြစ် ကိုးကားထားပါတယ်။ ဒီမတည်ငြိမ်မှုကို ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ စတာတွေကဲ့သို့သော နီယို-ကိုလိုနီ အဖွဲ့အစည်းများ၏ ဝင်ရောက်စွက်ဖက်မှုများက ပိုမိုဆိုးရွားစေပါတယ်။ ဘဏ္ဍာရေးပျက်ကပ်ကို ရှောင်ရှားရန် အာဖရိကနိုင်ငံများသည် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများကို လျှော့ချကြရပြီး လူထုကို ပိုမို မကျေနပ်ဖြစ်စေကာ မတည်ငြိမ်မှုများကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ဒီလို ရှုပ်ထွေးတဲ့ ပတ်ဝန်းကျင်တွေဟာ မင်းမဲ့ဝါဒ လှုပ်ရှားမှုတွေ ကြီးထွားဖို့ အခွင့်ကောင်းဖြစ်ပေမဲ့ ကျော်လွှားရမယ့် အတားအဆီးကြီးတွေ ရှိနေဆဲ ဖြစ်ပါတယ်။

အခန်း (၆)

မင်းမဲ့ဝါဒဟာ အာဖရိကမှာ အလွန်သေးငယ်တဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ အမေရိကနဲ့ အခြားနေရာတွေလိုပါပဲ၊ အာဖရိကမှာလည်း မင်းမဲ့ဝါဒအကြောင်း သိသူနည်းပါးပြီး ဒါကို အစွန်းရောက် လှုပ်ရှားမှုတစ်ခုအဖြစ်ပဲ ရှုမြင်ကြပါတယ်။ စာရေးသူများ၏ အဆိုအရ ဒါဟာ ကိုလိုနီစနစ်၏ လွှမ်းမိုးမှုခံထားရသည့် ပညာရေးစနစ်ကြောင့် ဖြစ်ပါတယ်။ ထို့အပြင် ကျောင်းတက်နိုင်သူ နည်းပါးသဖြင့် အများစုမှာ စနစ်ကျသော ပညာရေးကို မရရှိကြ။

အခြားပြဿနာတစ်ခုမှာ ဥပဒေစနစ် ဖြစ်ပါတယ်။ အစိုးရကို တော်လှန်ရန် လှုံ့ဆော်မှုကို နိုင်ငံတော်သစ္စာဖောက်မှုအဖြစ် သတ်မှတ်ထားပြီး သေဒဏ်အထိ ပေးနိုင်သဖြင့် လူအများမှာ ကြောက်ရွံ့နေကြရပါတယ်။ စစ်အာဏာရှင်စနစ်အောက်ရှိ နိုင်ငံအများစုသည် အလုပ်သမားသမဂ္ဂများကို ပြင်းထန်စွာ နှိမ်နင်းကြပါတယ်။

ထို့အပြင် တိုင်းရင်းသား လူမျိုးစုများအကြား မညီညွတ်မှုများနှင့် ဘာသာရေး ဆန့်ကျင်မှုများသည်လည်း မင်းမဲ့ဝါဒ မအောင်မြင်ရခြင်း၏ အကြောင်းရင်းများ ဖြစ်ကြပါတယ်။ အာဖရိက ယဉ်ကျေးမှုများသည် သာမန်အားဖြင့် ရှေးရိုးစွဲဆန်ပြီး အာဏာပိုင်များကို အနွံတာခံရန် သင်ကြားပေးကြပါတယ်။ စာရေးသူများက နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားပါတယ်။

အခန်း (၇)

နောက်ဆုံးအခန်းတွင် မင်းမဲ့ဝါဒသည် အာဖရိက၏ အကြမ်းဖက်မှု၊ မညီမျှမှုနှင့် အကျင့်ပျက်ခြစားမှု ပြဿနာများအတွက် အဖြေဖြစ်သည်ဟု စာရေးသူများက ပြန်လည်အတည်ပြုထားပါတယ်။ ကက်ပီတယ်လစ်စနစ်နှင့် စတိတ်-ဆိုရှယ်လစ်ဇင်တို့ မအောင်မြင်ခဲ့သဖြင့် မင်းမဲ့ဝါဒသည်သာ အကောင်းဆုံး မော်ဒယ်ဖြစ်သည်ဟု ဆိုပါတယ်။

မိမိအမြင်

ဒီစာအုပ်ဟာ စာမျက်နှာ ၁၀၈ မျက်နှာပဲ ရှိပေမဲ့ တိုတိုတုတ်တုတ်နဲ့ အချက်အလက်များစွာကို စနစ်တကျ ကိုးကားပြီး ပိုင်ပိုင်နိုင်နိုင် ရေးသားထားတာပါ။ မူလကတော့ သုံးသပ်ချက်ကို အကောင်းဘက်နဲ့ အဆိုးဘက် ခွဲပြီး ရေးမလို့ပဲ၊ ဒါပေမဲ့ မကောင်းပြောစရာ အချက် သိပ်မရှိပါဘူး။ နည်းနည်း ဝေဖန်ချင်တာဆိုလို့ တစ်ခါတစ်လေ ပညာရပ်ဆန်လွန်းပြီး နည်းနည်း ခြောက်ကပ်နေတာပါပဲ။ လူအများ ပိုစိတ်ဝင်စားလာအောင် စာရေးသူတွေဘက်က ပိုပြီး ဖတ်ရလွယ်ကူအောင် ပြင်ဆင်ပေးခဲ့ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ ပြောရရင် အများပြည်သူဖတ်တဲ့ စာအုပ်ထက် ကောလိပ် စာတမ်း ဒါမှမဟုတ် ဘွဲ့လွန်စာတမ်းနဲ့ ပိုတူနေတာပေါ့။ ဒါကလွဲရင်တော့ ဒီစာအုပ်မှာ အားနည်းချက် သိပ်မရှိပါဘူး။ ဖတ်ရတာ တကယ်ကို သဘောကျစရာကောင်းပြီး အသိပညာလည်း အများကြီး ရပါတယ်။ အာဖရိကက မင်းမဲ့ဝါဒအကြောင်း သတင်းအချက်အလက် အရမ်းနည်းပေမဲ့ African Anarchism: The History of a Movement စာအုပ်ဟာ စတင်လေ့လာဖို့ အကောင်းဆုံး စာအုပ်တစ်အုပ်ပါပဲ။

ဒီစာအုပ်ကို ၁၉၉၇ မှာ ရေးသားခဲ့တာဖြစ်ပေမဲ့ အမ်ဘားနဲ့ အီဂါရီဝေတို့ ဆွေးနွေးထားတဲ့ ပြဿနာတော်တော်များများဟာ ဒီနေ့အထိ ဆက်လက် ဖြစ်ပွားနေတုန်းမို့ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်က ထုတ်ဝေခဲ့တာတောင် အတော်လေး အသုံးဝင်နေဆဲပါ။ ဒီစာအုပ်သေးသေးလေးဟာ မင်းမဲ့ဝါဒအကြောင်း ကောင်းကောင်းသိထားတဲ့သူကိုတောင် အာဖရိကရဲ့ မင်းမဲ့ဝါဒနဲ့ အလုပ်သမားလှုပ်ရှားမှု ပတ်သက်ပုံအကြောင်း အများကြီး အသိအမြင် ပွင့်လင်းသွားစေနိုင်ပါတယ်။ စာရေးသူကိုယ်တိုင်လည်း အများကြီး လေ့လာသင်ယူခဲ့ရသလို အခြားဖတ်ရှုသူ အများအပြားလည်း အများကြီး ဗဟုသုတ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒီဆောင်းပါးမှာ ပါဝင်တဲ့ အချို့နိုင်ငံတွေရဲ့ လတ်တလော အခြေအနေ အတိုချုပ်ကို ပြောရရင်တော့ ဒီနေ့အချိန်မှာ တောင်အာဖရိကရဲ့ အထင်ရှားဆုံး မင်းမဲ့ဝါဒီ အဖွဲ့တွေထဲက တစ်ခုကတော့ ၂၀၀၃ ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ Zabalaza Anarchist Communist Front (ZACF) ဖြစ်ပါတယ်။ အီဂျစ်မှာတော့ အာရပ်နွေဦး တော်လှန်ရေးတွေကနေ အားကျပြီး ၂၀၁၁ မှာ Black Flag နဲ့ Egyptian Libertarian Socialist Movement ဆိုပြီး မင်းမဲ့ဝါဒီ အဖွဲ့နှစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီအတိုင်းပဲ အာရပ်နွေဦးနောက်ပိုင်း တူနီးရှားမှာလည်း မင်းမဲ့ဝါဒနဲ့ ပတ်သက်တဲ့ သတိပြုမိမှုနဲ့ ရေပန်းစားမှုတွေ ပိုမိုကြီးထွားလာခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ ၂၀၁၇ မှာ ရောဘတ် မူဂါဘေ ကို အာဏာမှ ဖယ်ရှားခဲ့တဲ့ အာဏာသိမ်းမှုအပြီးမှာတော့ ဇင်ဘာဘွေက မင်းမဲ့ဝါဒီတွေဟာ စနစ်တကျ စည်းရုံးထားတဲ့ မင်းမဲ့ဝါဒ လှုပ်ရှားမှုတစ်ခု ထူထောင်ဖို့ ကြိုးပမ်းလာကြပါတယ်။

C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how

The Center for a Stateless Society (www.c4ss.org) is a media center working to build awareness of the market anarchist alternative


Source: https://c4ss.org/content/61355


Before It’s News® is a community of individuals who report on what’s going on around them, from all around the world.

Anyone can join.
Anyone can contribute.
Anyone can become informed about their world.

"United We Stand" Click Here To Create Your Personal Citizen Journalist Account Today, Be Sure To Invite Your Friends.

Before It’s News® is a community of individuals who report on what’s going on around them, from all around the world. Anyone can join. Anyone can contribute. Anyone can become informed about their world. "United We Stand" Click Here To Create Your Personal Citizen Journalist Account Today, Be Sure To Invite Your Friends.


LION'S MANE PRODUCT


Try Our Lion’s Mane WHOLE MIND Nootropic Blend 60 Capsules


Mushrooms are having a moment. One fabulous fungus in particular, lion’s mane, may help improve memory, depression and anxiety symptoms. They are also an excellent source of nutrients that show promise as a therapy for dementia, and other neurodegenerative diseases. If you’re living with anxiety or depression, you may be curious about all the therapy options out there — including the natural ones.Our Lion’s Mane WHOLE MIND Nootropic Blend has been formulated to utilize the potency of Lion’s mane but also include the benefits of four other Highly Beneficial Mushrooms. Synergistically, they work together to Build your health through improving cognitive function and immunity regardless of your age. Our Nootropic not only improves your Cognitive Function and Activates your Immune System, but it benefits growth of Essential Gut Flora, further enhancing your Vitality.



Our Formula includes: Lion’s Mane Mushrooms which Increase Brain Power through nerve growth, lessen anxiety, reduce depression, and improve concentration. Its an excellent adaptogen, promotes sleep and improves immunity. Shiitake Mushrooms which Fight cancer cells and infectious disease, boost the immune system, promotes brain function, and serves as a source of B vitamins. Maitake Mushrooms which regulate blood sugar levels of diabetics, reduce hypertension and boosts the immune system. Reishi Mushrooms which Fight inflammation, liver disease, fatigue, tumor growth and cancer. They Improve skin disorders and soothes digestive problems, stomach ulcers and leaky gut syndrome. Chaga Mushrooms which have anti-aging effects, boost immune function, improve stamina and athletic performance, even act as a natural aphrodisiac, fighting diabetes and improving liver function. Try Our Lion’s Mane WHOLE MIND Nootropic Blend 60 Capsules Today. Be 100% Satisfied or Receive a Full Money Back Guarantee. Order Yours Today by Following This Link.


Report abuse

Comments

Your Comments
Question   Razz  Sad   Evil  Exclaim  Smile  Redface  Biggrin  Surprised  Eek   Confused   Cool  LOL   Mad   Twisted  Rolleyes   Wink  Idea  Arrow  Neutral  Cry   Mr. Green

MOST RECENT
Load more ...

SignUp

Login